9/03/2008

နအဖ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေငြာချက်

ပဉ္စမအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ ညီလာခံ
၂ဝဝ၈ ခုနှစ် သြဂုတ်လ (၂၆-၂၈) ရက်
နအဖ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်ကြေညာချက်အမှတ် - ၈/၂ဝဝ၈
သက္ကရာဇ် ၂ဝဝ၈ ခုနှစ် သြဂုတ်လ (၂၉) ရက်

နအဖ၏ လမ်းပြမြေပုံသည် ၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူများကို လုံးဝပါဝင်ခွင့်မပေးခဲ့ချေ။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများမှတင်ပြခဲ့သော အကြံပြုချက်များကိုလည်း အမြဲတစေငြင်းပယ်ခဲ့သည်။ စစ်အာဏာရှင်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာများကို သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လက်ဝယ်စုပုံထားရှိသည်ကို တွေ့ရသည်။ ထို့အပြင် ယင်းဥပဒေတွင် လွတ်လပ်သည့်တရားစီရင်ရေးစနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျော့နည်းသော အုပ်ချုပ်မှုအာဏာခွဲဝေရေးစနစ်များကို လုံးဝမတွေ့ရပေ။ တပ်မတော်သည် ဥပဒေ၏အထက်တွင်ရှိပြီး လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ အစိုးရပေါ်ပေါက်စေကာမူ ယင်းအစိုးရနှင့် သီးခြားကင်းလွတ်၍ ရပ်တည်နေသည်ကို
လည်းတွေ့ရှိရသည်။ ထို့ကြောင့် စစ်အာဏာရှင်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်များ၏ ဆောင်ပုဒ်ဖြစ်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (သို့မဟုတ်) ဒီမိုကရေစီကျင့်စဉ်များကို အပြည့်အဝအကောင်အထည်
ဖော်နိုင်မည် မဟုတ်ချေ။

အထက်ဖော်ပြပါ အဓိကအားနည်းချက်များကြောင့် နအဖ၏လုပ်ငန်းစဉ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်ကိုပေါ်လွင်စေပြီး အားလုံးပါဝင်စေသည့်လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲနိုင်မှုမရှိမခြင်း ပဉ္စမအကြိမ်မြောက်တိုင်းရင်းသားလူမျိုးများညီလာခံအနေနှင့် နအဖ၏လမ်းပြမြေပုံကိုသော်လည်းကောင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ လုံးဝထောက်ခံနိုင်မည် မဟုတ်ပါ။
၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများအနေနှင့်လည်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသည် နအဖ၏ လမ်းပြမြေပုံကို တစိတ်တပိုင်း အကောင်အထည်ဖော်ခြင်းသာဖြစ်သဖြင့် ယင်းကို ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားရန် လိုအပ်သည်ဟု မိမိတို့ညီလာခံမှ သုံးသပ်သည်။ (အပြည့်စုံဆက်ဖတ်ရန် pdf ဖြင့်)

Type rest of the post here

0 Comments:

blogger templates | Make Money Online