4/02/2008

ဒါဆိုရင် ဘာတွေပြင်ဆင်ကြရမလဲ (5)

• ပြည်သူတွေဟာ SPDC ရဲ့ အတွင်း သရုပ်မှန်ကို သိဖို့လိုတယ်။
• ပြည်သူတွေဟာ SPDC တဇွတ်ထိုးလုပ်နေတဲ့ Road Map ရဲ့ နောက်ဆက်တွဲအကျိုးဆက်၊ အမျိုးသားညီလာခံရဲ့ အားနည်းချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်၊ ပြည်သူ့ဆန္ဒခံယူပွဲရဲ့ အားနည်းချက်တွေကို သိရှိဖို့လိုတယ်။
• ပြည်သူများ လူထုတိုက်ပွဲ ဖြစ်မြောက်အောင် တာဝန်ယူပါဝင်လာနိုင်အောင် နှိုးဆော်ဖို့လိုတယ်။
• ပြည်သူများ ပူးပေါင်းပါဝင်လာနိုင်အောင် သတ္တိပြဖို့လိုတယ်။

ဒါကြောင့်
- ပြည်သူတွေကို တဦးချင်းဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်းဖြစ်ဖြစ်၊ ဒေသတစ်ခုလုံးကိုဖြစ်ဖြစ် ဆွေးနွေးအသိပညာ ဖလှယ်ကြပါ။
- မျှဝေကြပါ။
ဒီမေလမှာ ကျင်းပမဲ့ စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲဟာ စစ်အာဏာရှင် အသက်ရှည်အောင် ဥပဒေဘောင်ကနေ ကြိုးစားနေခြင်း ဖြစ်တဲ့အတွက်
- ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်သုံးသပ်ရင်
ပြည်သူလူထုအကျိုးအတွက် မဖြစ်ပါ
စစ်တပ်အကျိုးအတွက်သာ ဖြစ်ခဲ့တယ်။

ဒါကြောင့် ပြည်သူတွေ မဲရုံကိုသွားပြီး ကန့်ကွက်မဲ ( X ) သွားပေးကြပါ။
ပြည်သူတို့ ( X ) သွားပေးကြပါ။
နအဖ/စစ်အာဏာရှင်ရေးတဲ့ဖွဲ့စည်းပုံကို
( X ) သွားပေးကြပါ။

0 Comments:

blogger templates | Make Money Online