ပြည်ထောင်စု မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်တွေကြောင့် တိုင်းရင်းသားလူမျိုးများဟာ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးခွင့်ဆိုတဲ့ တိုင်းရင်းသားအခွင့်အရေး၊ အမျိုးသားအခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှူံးခဲ့ရတယ်။ လွတ်လပ်ရေးကို အတူအရယူမယ်ဆိုပြီး မူလသဘောတူထားတဲ့ ပင်လုံစိတ်ဓါတ်ကို ဖောက်ဖျက်လာခဲ့ကြတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို ရရှိဖို့အတွက် အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ အခြေအနေ၊ အချိန်ကာလ၊ ဒေသအသီးသီးတွေမှာ လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲလာခဲ့ကြတယ်။
အကျဉ်းချုပ်အနေနဲ့ တိုင်းရင်းသားတွေ လက်နက်ကိုင်လမ်းစဉ်ကို စတင်အကောင်အထည်ဖော် ခဲ့တာတွေကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။
(က) မွန်အမျိုးသားတွေဟာ 1948 ခုနှစ် August 19 ရက်နေ့ (၁၃၁၀ ဝါခေါင်လပြည့်နေ့) မှာစတင်ပြီး မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်ခဲ့တယ်။
(ခ) ကရင်နီအမျိုးသားတွေဟာ 1948 ခုနှစ် August လ 17 ရက်နေ့မှာ စတင်ပြီး ကရင်နီအမျိုးသား လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်ခဲ့တယ်။ (1957 ခုနှစ်မှာ KNPP ကို ဖွဲ့စည်းခဲ့တယ်။)
(ဂ) ကရင်အမျိုးသားတွေဟာ 1949 ခုနှစ် January လ 31 ရက်နေ့ တနလာင်္နေ့မှာ နံနက် 4း 30 မှာ ကရင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါတယ်။
(ဃ) ပအိုဝ် အမျိုးသားတွေဟာ 1949 ခုနှစ် Decemberလ 11 ရက်နေ့မှာ ပအိုဝ်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့တယ်။
(င) သျှမ်းအမျိုးသားတွေဟာ 1958 ခုနှစ် May လ 21 ရက်နေ့ သျှမ်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တယ်။
(စ) ကချင်အမျိုးသားတွေဟာ 1961 ခုနှစ်မှာ KIO ကို ဖွဲ့စည်းပြီး ကချင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကို မြှင့်တင်ခဲ့တယ်။
(ဆ) ပလောင်အမျိုးသားတွေဟာ 1963 ခုနှစ် January လ 12 ရက်နေ့မှာ ပလောင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့ PNF ကို ဖွဲ့စည်းပြီး ပလောင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကို တိုးမြှင့်ဆင်နွှဲခဲ့တယ်။
(ဇ) ကယန်းအမျိုးသားတွေဟာ 1964 ခုနှစ် June လ 4 ရက်နေ့မှာ စတင်ပြီး ကယန်းအမျိုးသား လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ကြတယ်။
(ဈ) ရခိုင်အမျိုးသားတွေဟာ 1946 မှာ တော်လှန်ရေးစတင်ခဲ့ပြီး 1967 ခုနှစ်မှာ ALP ကို စတင်ဖွဲ့စည်းခဲ့ကြပြီး ရခိုင်အမျိုးသား လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်။
တိုင်းရင်းသားများတွေဟာ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးခွင့်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူဘဲ တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု အမျိုးသားနိုင်ငံရေးတိုက်ပွဲတွေမှာ ဆင်နွှဲလာခြင်းနဲ့အတူဘဲ လူမျိုးပေါင်းစုံပါဝင်တဲ့ အောက်ပါအဖွဲ့အစည်းများဟာလည်း လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်ဆင်နွှဲလာခဲ့တယ်။
- 1947 ခုနှစ်မှာ သခင်စိုးခေါင်းဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီ၊ 1948 ခုနှစ် March လမှာ သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဟာလည်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တယ်။
- 1948 ခုနှစ် July လမှာ ဗိုလ်ဖိုးကွန်းခေါင်းဆောင်တဲ့ ပြည်သူ့ရဲဘော်ဟာလည်း လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်ဆင်နွှဲလာခဲ့တယ်။
- 1988 ခုနှစ် November လမှာ ကျောင်းသားလူငယ်အများစုဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့စည်းခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလာခဲ့တယ်။
ထို့အတူ ရဟန်းသံဃာတော်များ၊ လူငယ်များနှင့် ပြည်သူလူထုတွေဟာ ဆင်းရဲကျပ်တည်းမှု အမျိုးမျိုးကနေ လွတ်မြောက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုက်တက်ခေတ်မှီသော နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်း လှုပ်ရှားမှုတိုက်ပွဲအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြပါတယ်။
(က) ဘဝရပ်တည်ရေးနှင့် စီးပွားရေးကြပ်တည်းမှုမှ လွတ်မြောက်ရေးတိုက်ပွဲ
အလုပ်သမား၊ လယ်သမားလူတန်းစားများ၊ ကျောင်းသားလူငယ်များ၊ နိုင်ငံဝန်ထမ်းများ စားဝတ်နေရေး ပြေလည်ဖို့နဲ့ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဝန်ထမ်းလစာတိုးမြှင့်ရေး၊ အလုပ်လက်မဲ့များ အလုပ်ရရှိရေး၊ နိုင်ငံတော်မှ ပညာရေးအတွက် သုံးစွဲနေတဲ့ ပညာရေးအသုံးစရိတ်များ တိုးမြှင့်သုံးစွဲရေး၊ သက်သာချောင်ချိရေးတိုက်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာရရှိရေး၊ လျှပ်စစ်မီး၊ ရေ ရရှိရေး၊ အခွန်ငွေများလျော့ပေါကောက်ခံရေး စတဲ့ တောင်းဆိုမှုတိုက်ပွဲတွေဟာ ဘဝရပ်တည်ရေးနဲ့ စီးပွားရေးကြပ်တည်းမှုမှ လွတ်မြောက်ရေး လှုပ်ရှားမှု တိုက်ပွဲအသွင် သဏ္ဍာန်တွေဖြစ်တယ်။
(ခ) ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုက်ပွဲ
ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကျဉ်းသားများ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းနှင့်အညီ ဆက်ဆံပြုမူရေး၊ စာပေယဉ်ကျေးမှုများ လွတ်လပ်စွာ သင်ကြားခွင့်၊ ဖော်ထုတ်ခွင့်ရရှိရေး၊ တိုင်းရင်းသားစာပေများကို အသိအမှတ်ပြုရေး စတဲ့တောင်းဆိုမှုတိုက်ပွဲတွေဟာ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲအသွင်သဏ္ဍာန်တွေဖြစ်တယ်။
(ဂ) နိုင်ငံရေးနှင့် အခွင့်အရေးတိုက်ပွဲ
တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ တောင်းဆိုတိုက်ပွဲတွေဟာ နိုင်ငံရေးနဲ့ အခွင့်အရေး တိုက်ပွဲအသွင်သဏ္ဍာန်တွေ ဖြစ်ကြတယ်။
ဒီတိုက်ပွဲ လှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးရပြီးကတည်းက ဖဆပလ ခေတ်မှာ အရှိန်နည်းခဲ့ပေမဲ့ စစ်အာဏာရှင်ခေတ်မှာ အရှိန်အဟုန် မြင့်မား ပြင်းထန်လာခဲ့တယ်။ အကျဉ်းချုပ်အဖြစ်သိရှိနိုင်အောင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
- 1958 ခုနှစ် စက်တင်ဘာလမှာ အိမ်စောင့်အစိုးရကို ကန့်ကွက်ဆန္ဒပြ
- 1960 တရုတ်ဖြူကျးကျော်မှု၊ အမေရိကန်သံရုံး ဆန္ဒပြ
- 1962 ဂျူလိုင်လ 7 ရက်နေ့မှာ တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကို မိုင်းနဲ့ဖြိုချခဲ့၊ ကျောင်းသားများစွာ သေဆုံး/ဒဏ်ရာရ။
- 1963 ခုနှစ်မှာ ငြိမ်းချမ်းရေး ကျောင်းသားဆန္ဒပြ
- 1967 ခုနှစ် ဂျူလိုင်လမှာ တရုတ်-ဗမာ အရေးအခင်း
- 1967 ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆန်ပြဿနာ
- 1969 ခုနှစ် ဒီဇင်ဘာ 1 ရက်နေ့မှာ ကျွန်းဆွယ်အားကစားပွဲ အဓိကရုဏ်း
- 1970 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ရွှေရတုလှုပ်ရှားမှု
- 1974 ခုနှစ် ဂျူလိုင်လ 6 ရက်နေ့မှာ အလုပ်သမားအရေးအခင်း၊ သပိတ်ချည်မျှင်နှင့် အထည်စက်ရုံ
- 1974 ခုနှစ် ဒီဇင်ဘာလ 5-11 ဦးသန့်အရေးအခင်း ကျောင်းသားအရေးအခင်း
- 1975 ခုနှစ် ဂျူလိုင်လ 2 ရက်နေ့မှာ ကျောင်းသားအကျဉ်းချမှုမခံနိုင်( 6/ 6/ 74 စဉ်ကအဖမ်းခံရစဉ်)
- 1976 ခုနှစ် မတ်လ 23 ရက်နေ့မှာ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးတော်ပုံ
- 1976 ခုနှစ် ဂျူလိုင်လ 20 ရက်နေ့မှာ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အဖွဲ့ အာဏာသိမ်းဖို့ကြံစည်။ ဗိုလ်ချုပ်ကြီးတင်ဦး သိလျက်နှင့် ထိန်ချန်၊ အရေးယူခြင်းခံရ။
- 1987 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့မှာ ငွေစက္ခူ တရားမဝင်ကြေငြာပြီး သိမ်းဆည်းခဲ့
- 1988 ခုနှစ် မတ်လ 12/ 13 ရက်နေ့မှာ စက်မှုကျောင်းသား ဘုန်းမော်ကျဆုံး
- 1988 ခုနှစ် မတ်လ 17 ရက်နေ့မှာ တံတားနီအရေးအခင်း
- 1988 ခုနှစ် ဇွန်လ 15-20 ကျောင်းသားသပိတ်ဆက်ဖြစ်
- 1988 ခုနှစ် ဇွန်လ 23 ရက်နေ့မှာ သပိတ်ရုံးဖွင့်
- 1988 ခုနှစ် ဂျူလိုင်လ 28 ရက်နေ့မှာ ရွှေတိဂုံကျောင်းသား ဆန္ဒပြပွဲ
- 1988 ခုနှစ် သြဂုတ်လ 1 ရက်နေ့မှာ ဗကသ က 8888 အရေးတော်ပုံအတွက် လှုံ့ဆော်ဆန္ဒပြ
- 1988 ခုနှစ် သြဂုတ်လ 3 ရက်နေ့မှာ ရန်ကုန်မြို့၌ ပြည်သူများအရှိန်ယူ၍ စတင်လှုပ်ရှားလာကြ
- 1988 ခုနှစ် သြဂုတ်လ 8 ရက်နေ့မှာ အထွေထွေသပိတ်ပေါ်ပေါက်
- 1988 ခုနှစ် သြဂုတ်လ 11 ရက်နေ့မှာ စစ်တပ်က စတင်ပစ်ခတ်၊ ဆန္ဒပြပွဲဆက်လက်ဖြစ်ပေါ်
- 1988 ခုနှစ် သြဂုတ်လ 12 ရက်နေ့မှာ စိန်လွင်ပြုတ်၊ ဒေါက်တာမောင်မောင်တက်
- 1988 ခုနှစ် သြဂုတ်လ 18 ရက်နေ့မှာ ဒီမိုကရေစီ လူထုအုံကြွှမှု အရေးတော်ပုံကြီးအရှိန်မြင့်
- 1988 ခုနှစ် သြဂုတ်လ 24 ရက်နေ့မှာ စစ်ဥပဒေရုပ်သိမ်း
- 1988 ခုနှစ် သြဂုတ်လ 26 ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် တရားဟော၊ လူ (၅) သိန်းကျော်တက်ရောက်။
- 1988 ခုနှစ် သြဂုတ်လ 28 ရက်နေ့မှာ သတ္တမကြိမ်မြောက် ဗကသ ဖွဲ့ မင်းကိုနိုင်ဥက္ကဋ္ဌ၊ မကသ ဖွဲ့ မင်းဇေယျာဥက္ကဋ္ဌ။
- 1988 ခုနှစ် စက်တင်ဘာလ 2 ရက်နေ့မှာ RIT ကျောင်းသားသပိတ်။
- 1988 ခုနှစ် စက်တင်ဘာလ 6 ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး အထွေထွေသပိတ်ပွဲဖြစ်ပွား
- 1988 ခုနှစ် စက်တင်ဘာလ 18 ရက်နေ့မှာ ဒေါက်တာမောင်မောင်အစိုးရပြုတ်ကျ၊ ဗိုလ်ချုပ်စောမောင် အာဏာသိမ်းခဲ့။
- 1990 သြဂုတ်လ 8 ရက်နေ့မှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ
- 1991 ခုနှစ် ဒီဇင်ဘာလ 10-11 RIT နှင့် ပင်မတက္ကသိုလ်ကျောင်းသားသပိတ်။
- 1995 ခုနှစ် နိုဝင်ဘာလ ရန်ကုန်တက္ကသိုလ်စိန်ရတုအထိမ်းအမှတ် ကျောင်းသားလှုပ်ရှားမှု
- 1995 ခုနှစ် နိုဝင်ဘာလမှာ စိန်ရတု ကျင်းပ (နဝတနှင့်အပြိုင် လုပ်နိုင်ခဲ့)
- 1996 ခုနှစ် ဒီဇင်ဘာလ 2-9 ရက်နေ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားအုံကြွှမှု အရေးအခင်း၊ ကျောင်းသား ကိုသက်ဦး ထောင်ဒဏ် (၅၁) နှစ် ကျခံရ။
- 1997 ခုနှစ် မတ်လ 16 ရက်နေ့ မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရမှု အရေးအခင်း
- 2003 ကျောက်ဆည်သံဃာတော်များနှင့် ကုလားအဓိကရုဏ်း
- 2003 သြဂုတ်လ 15-25 ဗိုလ်ခင်ညွှန့်နှင့် စစ်ထောက်လှမ်းရေး ဖျက်သိမ်း
- 2007 ခုနှစ် သြဂုတ်လ - စက်တင်ဘာလ ရွှေဝါရောင် လူထုဆန္ဒပြပွဲ
0 Comments:
Post a Comment